Attending Workshops and Seminars

ပြည်တွင်းစာတမ်းဖတ်ပွဲသို့ လျှောက်ရာတွင် လိုအပ်သည့်အချက်များ

(၁) ရုရှားဖက်ဒရေးရှင်နိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် ပညာသင်ကြားလျက်ရှိသည့် ပညာသင်များဖြစ်ကြသော DSc ၊ PhD နှင့် MSc သင်တန်းသားအားလုံး တင်ပြနိုင်သည်။

(၂) ရေးသားတင်သွင်းသော စာတမ်းအား သင်တန်းသားခေါင်းဆောင်၏စာ၊ သင်တန်းသားအရာရှိ၏ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်။

(၃) ဝင်ကြေးဖြင့် ဆောင်ရွက်သောစာတမ်းဖတ်ပွဲမျိုးတွင် ဖတ်ကြားခွင့်မပြုပါ။

(၄) အသွား/အပြန် လေယာဉ်စရိတ် (သို့) ရထားခ (သို့) ကားခ နှင့် လိုအပ်ပါက တည်းခိုစရိတ်ခအား သင့်တင့်လျောက်ပတ်သော စရိတ်တို့ဖြင့်သာ တင်ပြရမည်။

ပြည်ပစာတမ်းဖတ်ပွဲသို့ လျှောက်ရာတွင် လိုအပ်သည့်အချက်များ

(၁) ရုရှားဖက်ဒရေးရှင်နိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် ပညာသင်ကြားလျက်ရှိသည့် ပညာသင်များဖြစ်ကြသော DSc ၊ PhD နှင့် MSc သင်တန်းသားအားလုံး တင်ပြနိုင်သည်။

(၂) သင်တန်းသားခေါင်းဆောင်၏တင်ပြစာစာ၊ သင်တန်းသားအရာရှိ၏ လျှောက်လွှာနှင့်အတူ ရေးသား တင်သွင်းသည့် စာတမ်း၊ အသွား/အပြန် လေယာဉ်လက်မှတ် (မိတ္တူ)နှင့် တည်းခိုမည့်ဟိုတယ် (မိတ္တူ) တို့အား ပူးတွဲတင်ပြရမည်။

(၃) ဝင်ကြေးဖြင့် ဆောင်ရွက်သော စာတမ်းဖတ်ပွဲမျိုးတွင် ဖတ်ကြားပါက ဝင်ကြေးအား မိမိအစီအစဉ်ဖြင့် ပေးသွင်းရမည်။ မိမိရေးသားသောစာတမ်းအား ရွေးချယ်ပြီး ဝင်ကြေးကင်းလွှတ်ခွင့်ရရှိသည့် စာတမ်းဖတ်ပွဲမျိုး ဖြစ်ရမည်။

(၄) ဗီဇာကြေး၊ အသွား/အပြန် လေယာဉ်လက်မှတ်ခ၊ ရထားခ၊ ကားခနှင့် သင့်တင့်လျောက်ပတ်သော တည်းခိုစရိတ်တို့ဖြင့်သာ တင်ပြရမည်။

Useful Websites

Government Websites

UNITED NATIONS WEBSITES

  • http://www.un.org
  • https://unog.ch/

Quick Links

  • President Office
  • State Counsellor Office
  • Ministry of foreign Affairs
  • Ministry of Immigration and Population
  • Ministry of Hotels and Tourism
    UMFCCI
  • Travel Information